ဘာဖြစ်လို့များစွဲလန်းနေမိတာလဲ
လက်ထဲကသစ်ရွက်
ငြှိုးနွမ်းတတ်မှန်းသိရက်နဲ့
ငါဆက်ပြီးမက်မောဆဲ
ညလေးရဲ့အိပ်မက်
နိုးထမယ်မှန်းသိရက်နဲ့
ငါဆက်ပြီးတပ်မက်နေဆဲပဲ
မနက် မနက်
သူဆက်လက်အသက်ရှင်ပါစေလို့
ငါဆုတောင်းတတ်ခဲ့တယ်
နှလုံးတစ်ချက်ခုန်တိုင်း
ငါ့အသက်ကိုစိတ်ပိုင်းပြီး
သူ့ကိုပေးချင်တယ်
အဲဒီပြဇာတ်မှာ
ငါဟာနွယ်ဖြစ်ပြီး
သူကသစ်ပင်ဖြစ်တယ်
သူကနွေကြောင့်သေဆုံးပြီး
ငါကသူမရှိလို့သေဆုံးခဲ့ရတယ်။