Tuesday, December 15, 2009

သစ်​ပင်​

ငါ​စွန့်​လွှတ်​ခဲ့​ရ​မယ့်​အ​ရာ​တွေ​ကို​
ဘာ​ဖြစ်​လို့​များ​စွဲ​လန်း​နေ​မိ​တာ​လဲ​
လက်​ထဲ​က​သစ်​ရွက်​
ငြှိုး​နွမ်း​တတ်​မှန်း​သိ​ရက်​နဲ့​
ငါ​ဆက်​ပြီး​မက်​မော​ဆဲ​
ည​လေး​ရဲ့​အိပ်​မက်​
နိုး​ထ​မယ်​မှန်း​သိ​ရက်​နဲ့​
ငါ​ဆက်​ပြီး​တပ်​မက်​နေ​ဆဲ​ပဲ​
မ​နက်​ မ​နက်​
သူ​ဆက်​လက်​အ​သက်​ရှင်​ပါ​စေ​လို့​
ငါ​ဆု​တောင်း​တတ်​ခဲ့​တယ်​
နှ​လုံး​တစ်​ချက်​ခုန်​တိုင်း​
ငါ့​အ​သက်​ကို​စိတ်​ပိုင်း​ပြီး​
သူ့​ကို​ပေး​ချင်​တယ်​
အဲ​ဒီ​ပြ​ဇာတ်​မှာ​
ငါ​ဟာ​နွယ်​ဖြစ်​ပြီး​
သူ​က​သစ်​ပင်​ဖြစ်​တယ်
သူ​က​နွေ​ကြောင့်​သေ​ဆုံး​ပြီး​
ငါ​က​သူ​မ​ရှိ​လို့​သေ​ဆုံး​ခဲ့​ရ​တယ်။​